မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ စက်တင်ဘာ ၂၀၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "ဗုံးမိုးတွေရွာပြရုံနဲ့ သွေးမုန်တိုင်းကို တားနိုင်ရိုးလား"၊ "စစ်အုပ်စုနဲ့ ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်သကြ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ "အားတင်းထားပါရန်ကုန်ရေ မင်းတို့နောက်မှာငါတို့ရှိတယ်"၊ "ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ"၊ "ဖက်ဆစ်တရားခွင် အလိုမရှိ" စသည့်ကြွေးကြော်သံများဖြင့် မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။





























ဓာတ်ပုံ -AAMIJ 


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ