လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာချက်


၂၀၂၂ သြဂုတ် ၅၊ ဗကသ


လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ (၅/၈/၂၀၂၂) တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။ လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ၈ ကြိမ်မြောက်ညီလာခံမှ အတည်ပြုပြဋ္ဌာန်းခဲ့သော မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက် (၃) ရပ်ကို လက်ခံကိုင်စွဲကာ ကျောင်းသားထုအကျိုးနှင့် ပြည်သူလူထုအကျိုးအား သယ်ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeinginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ