ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ သြဂုတ် ၁၆၊ ဗကသ


ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ တို့မှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ မြိုင်မြို့နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့၌ ထောင်တွင်း အစာအငတ်ခံဆန္ဒပြမှုအား ဝန်းရံကြောင်း "ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ပြည်သူ့အသံ" စာသားပါ ဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။











သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #WhatsHappeningInMyanmar


photo - aamij