ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ (ရကသ) ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၁၁/ဗကသ/၂၀၂၂

ရက်စွဲ - ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်


                         ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရကသ) ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၀) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး အစရှိသည့်တိုက်ပွဲများတွင် ရက္ခိုင်ပြည်အဖိနှိပ်ခံပြည်သူလူထု၊ ရက္ခိုင်ကျောင်းသားထုနှင့် တသားတည်းရပ်တည်ကာ တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ရဲဘော်များအား ကျွန်ုပ်တို့မှ အလေးအမြတ်ပြုပါသည်။


                         ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရကသ) သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် ရက္ခိုင်ပြည်အဖိနှိပ်ခံ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုး၊ ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အရပ်ရပ်တွင် ရဲဘော်တို့ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ယုံကြည်မျှော်လင့်ပါသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေဖြင့် အဖိနှိပ်ခံကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအား ဆက်လက်သယ်ပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဆန္ဒပြုရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။


“ရန်သူတကာ ကြောက်ဒူးတုန်ပါစေ

ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ

ရကသ အဓွန့်ရှည်တည်တံ့ပါစေ”


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ