စစ်တွေဆန်ပြဿနာအရေးအခင်း ၅၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၂ ဩဂုတ် ၁၃၊ ဗကသ


ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများဖြစ်သော လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ "၁၃ ဩဂတ် မမေ့အပ်၊ တောင်းတော့ ဆီဆန် ပေးတော့ ကျည်ဆံ" စာသားပါဘန်နာအား ချိတ်ဆွဲကာ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွက် ကျရောက်သော စစ်တွေဆန်ပြဿနာအရေးအခင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။


“ဆန်ပြဿနာ ဖြေရှင်းပေး”

“အရေးတော်ပုံ အောင်ရမည်”

“ပြုတ်ဆန်မစား ရခိုင်သား”

“ဆန်ကွဲမစားရခိုင်သား”

“ဆန်အပြည့်အ၀ ရောင်းချပေး” 


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်


#Arakan #SittweRiceAffair #ABFSU #Whatshappeninginmyanmar #စစ်တွေ #ရခိုင် #အာရကန် #စစ်တွေဆန်ပြဿနာနေ့

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်