စစ်တွေဆန်ပြဿနာအရေးအခင်း ၅၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၂ ဩဂုတ် ၁၃၊ ဗကသ


ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများဖြစ်သော လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ "၁၃ ဩဂတ် မမေ့အပ်၊ တောင်းတော့ ဆီဆန် ပေးတော့ ကျည်ဆံ" စာသားပါဘန်နာအား ချိတ်ဆွဲကာ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွက် ကျရောက်သော စစ်တွေဆန်ပြဿနာအရေးအခင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။


“ဆန်ပြဿနာ ဖြေရှင်းပေး”

“အရေးတော်ပုံ အောင်ရမည်”

“ပြုတ်ဆန်မစား ရခိုင်သား”

“ဆန်ကွဲမစားရခိုင်သား”

“ဆန်အပြည့်အ၀ ရောင်းချပေး” 


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်


#Arakan #SittweRiceAffair #ABFSU #Whatshappeninginmyanmar #စစ်တွေ #ရခိုင် #အာရကန် #စစ်တွေဆန်ပြဿနာနေ့

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့