“ဆဲဗင်းဇူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” ရန်ကုန်မြို့တွင်း ဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့် တတိယအကြိမ် ပြောက်ကျားသပိတ်


၂၀၂၂ ဇူလိုင် ၇၊ ဗကသ

ယနေ့ မနက်ခင်း ရန်ကုန်မြို့၊ တာမွေ ဗညားဒလ လမ်းမထက်၌ တာမွေရဲစခန်းသို့ မျက်နှာမူကာ ဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် “ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” ဟူသော စာသားပါဘန်နာကို ကိုင်စွဲ၍ ပြည်သူလူထုအား တပ်လှန့်နှိုးဆော်ရင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။



အဆိုပါ လှုပ်ရှားမှုကို General Strike Committees (GSC) အဖွဲ့ဝင်များဖြစ်သော မြို့နယ်သပိတ်ကော်မတီများနှင့် ဗကသများအဖွဲ့ချုပ်မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #WhatIsHappeningInMyanmar

Photos - လူငယ့်ခေတ်

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ