တောင်ငူတွင် ဗကသများအဖွဲ့ချုပ်က “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ ဇူလိုင် ၇၊ ဗကသ
“ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၁)တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ တောင်ငူမြို့တွင် “ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာသားပါဘန်နာ ချိတ်ဆွဲခြင်းနှင့် “၇.၇.၆၂ မမေ့ကြနဲ့” စာသားကိုရေးသားကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #2022_7July
#whathappeninginmyanmar