မလဲသာ ဗကသနှင့် မြင်းမူမြို့နယ်လူထုသပိတ်စစ်ကြောင်း ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ ဇွန် ၁၆၊ ဗကသ
အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြင်းမူမြို့နယ် လူထုသပိတ်စစ်ကြောင်း တို့ပူးပေါင်း၍ ကျောင်းသား/လူထု ပါဝင်သော သပိတ်စစ်ကြောင်းသည် “တော်လှန်ရဲတဲ့သူတွေအတွက် တိုင်းပြည်အသစ်ရှိတယ်” စာသားပါဘန်နာအား ကိုင်ဆောင်ကာ ဗကသခွပ်ဒေါင်း အောင်လံတော်အား လွင့်ထူ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို မြင်းမူမြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu