ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ


၂၀၂၂ ဇွန် ၁၃၊ ရန်ကုန်

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၌ ဖက်ဆစ်တပ်များ လုံခြုံရေးယူ၍ ကင်းပတ်နေသော ကျောင်းတက်ချိန်တွင် “ခေတ်ကောင်းကို ချီတက်ဖို့ စစ်ကျွန်ပညာ အမြစ်ဖြတ်စို့” ဟူသောစာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇွန်လ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါသည်။


အဆိုပါလှုပ်ရှားမှုကို ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ