မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


၂၀၂၂ ခုနှစ် ဧပြီ ၂၂၊ ဗကသ

စစ်ကိုင်းတိုင်း မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသ၌ ဧပြီလ ၂၂ ရက်‌နေ့တွင် ဒေသခံကာကွယ်ရေးခေါင်းဆောင် ဗိုလ်သက်တံ့ ကျဆုံးခြင်း ၆ လပြည့် အထိမ်းအမှတ်အနေဖြင့် အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် “သွေးဟာမြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး”၊ “တောင်ပေါ်/မြေပြန့် ညီညွှတ်ကြ စစ်သုံးစစ်ကို တိုက်ဖျက်ကြ” စာသားပါဘန်နာများအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။








သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”