ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၅ / ၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက် 

                            ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၁ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဗမာပြည်၏ တခုတည်းသော အလုပ်သမား၊ လယ်သမားများဘက်မှ ရပ်တည်သည့် ပစ္စည်းမဲ့လူတန်းစားတပ်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို စွမ်းစွမ်းတမံ တိုက်ဖျက်ကာ အဖိနှိပ်ခံလူထုအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နေကြသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရဲဘော်များကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အလေးအမြတ်ပြုပါသည်။ 

                            ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်အာဏာရှင်စနစ်ကို လုံးဝ အမြစ်ပြတ်ချေမှုန်း၍ တန်းတူညီပြီး သွေးစည်းညီညွတ်သည့် ပြည်ထောင်စုသစ်တရပ် တည်ဆောက်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်စွာဖြင့် ဆန္ဒပြုရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ 

“ရန်သူတကာ ကြောက်ဒူးတုန်ပါစေ”
“ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ”
“ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အဓွန့်ရှည်တည်တံ့ပါစေ” 

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်