မြောက်ဥက္ကလာပမြို့နယ်၌ ဗကသများအဖွဲ့ချုပ်မှ အလုပ်သမားသပိတ်တွင် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်တိုက်တွန်းမှု ပြုလုပ်

မတ်လ ၁၉၊ ဗကသ

လုပ်အားစိုက်ထုတ်သူတို့၏ အခြေခံအခွင့်အရေးများ ချိုးဖောက်ခံရမှုကြောင့် ပေါ်ပေါက်လာသည့် အလုပ်သမားသပိတ်များအား ပြည်သူလူထုမှ ဝန်းရံကြရန်နှင့် ပူးပေါင်းပါဝင်ကြရန် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ "လုပ်အားစိုက်ထုတ်သူတို့၏ သပိတ်တိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြ" စာသားပါ ပိုစတာများအား ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် နေရာအနှံ့အပြားတွင် ကပ်၍ ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်မှုတရပ်ကို မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ