မြောက်ဥက္ကလာပမြို့နယ်၌ ဗကသများအဖွဲ့ချုပ်မှ အလုပ်သမားသပိတ်တွင် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်တိုက်တွန်းမှု ပြုလုပ်

မတ်လ ၁၉၊ ဗကသ

လုပ်အားစိုက်ထုတ်သူတို့၏ အခြေခံအခွင့်အရေးများ ချိုးဖောက်ခံရမှုကြောင့် ပေါ်ပေါက်လာသည့် အလုပ်သမားသပိတ်များအား ပြည်သူလူထုမှ ဝန်းရံကြရန်နှင့် ပူးပေါင်းပါဝင်ကြရန် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ "လုပ်အားစိုက်ထုတ်သူတို့၏ သပိတ်တိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြ" စာသားပါ ပိုစတာများအား ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် နေရာအနှံ့အပြားတွင် ကပ်၍ ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်မှုတရပ်ကို မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်