ရွှေပြည်သာမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


မတ်လ (၁၄)၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့ ပူးပေါင်း၍ ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရွှေပြည်သာ အထက(၁)ကျောင်းအနီးတွင် ပြည်သူ(၁၀)ဦးကျော် ကျဆုံးခြင်း ၁ နှစ်ပြည့်သည့် အထိမ်းအမှတ်အနေဖြင့် မတ်လ ၁၄ ရက်နေ့တွင် "နွေဦးသူရဲကောင်းများသို့ အမှတ်တရဦးညွှတ်ခြင်း" စာသားပါဘန်နာအား ချိတ်ဆွဲခြင်း၊ ကျဆုံးပြည်သူများ၏ ဓာတ်ပုံများအား အမှတ်တရပန်းကြဲခြင်းများကို ပြည်သူများကျဆုံးခဲ့သော နေရာအနီးကျောင်းအနောက်တံခါးတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ