စစ်အာဏာသိမ်းသည့် နှစ်ပတ်လည်နေ့တွင် GSC နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ရန်ကုန်၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဖေဖော်ဝါရီ ၁၊ ဗကသ

နီတဲ့သွေးရက်သတ္တပတ် စတင်တဲ့အနေနဲ့ စစ်အာဏာသိမ်းတနှစ်ပြည့်မှာ GSC မှာပါဝင်တဲ့ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီနှင့် သမဂ္ဂများ၊ သပိတ်ကော်မတီများ၊ အဖွဲ့အစည်းများ ပူးပေါင်းပြီး နီတဲ့သွေးရဲရင့်လို့ ရန်သူမင်းရှေ့ကိုချီတက်ခဲ့ပြီဆိုသည့် ပိုစတာကိုင်ဆွဲကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ပါတယ်။ ယခုစာသားမှာ တေးရေးကိုနေဝင်းရေးပြီး ကိုမွန်းအောင်သီဆိုထားတဲ့ သီချင်းလည်းဖြစ်ပါတယ်။


ပြောက်ကျားသပိတ်မှာ နီတဲ့သွေးရက်သတ္တပတ်လှုပ်ရှားမှုဖြစ်တဲ့အတွက် ဆေးနီများပက်ဖြန်းပြီး စာရွက်နီများကြဲခဲ့ကြပါတယ်။


#နီတဲ့သွေးရက်သတ္တပတ်
#အလံမလိပ်အသံမတိတ်လူထုလွတ်မြောက်ရေးသပိတ်


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU #GSC

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ