ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ နီတဲ့သွေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်


ဖေဖော်ဝါရီ ၄၊ ဗကသ

GSC အပါအဝင် သပိတ်ကော်မတီသုံးခုတို့မှ ပူးပေါင်းဖော်ဆောင်သော နီတဲ့သွေးရက်သတ္တပတ် လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် "၂၀၀၈ ခြေဥ အခြေပြုသော အတွေးအခေါ်မှန်သမျှ သင်းသတ်ကြ"၊ "ကျောက်ပန်းတောင်းမှ ကိုအောင်အောင်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး​လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ