စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၃/၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၁ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ နိုင်ငံသစ်ပေါ်ပေါက်ရေး တို့ကို ရှေးရှု၍ စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ) သည် ၁ နှစ်တာကာလအတွင်း၌ တော်လှန်သောအဖွဲ့အစည်းများအား ဝန်းရံထောက်ပံ့ကူညီသည့် အခန်းကဏ္ဍတွင် ခိုင်ခိုင်မာမာရပ်တည်ပါဝင်နေသည်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ) အနေဖြင့် ၁ နှစ်ပြည့်ကာလမှသည် နောင်အနာဂတ်ကာလများအထိ ပြည်သူ့တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကာ အဖိနှိပ်ခံလူထုအကျိုးအား ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဗကသများအဖွဲ့ချုပ် မှ ဆန္ဒပြုရင်း စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်သို့ သဝဏ်လွှာပေးပို့အပ်ပါသည်။

❝စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ) အဓွန့်ရှည်ပါစေ❞
❝ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်❞

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ