မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် အမြစ်တိုက်ဖျက်ရေးအတွက် လှုံ့ဆော်၍ ပြည်သူလူထုအား ပဲပြုတ်နှင့်နံပြားများ ဝေငှ

ဖေဖော်ဝါရီ ၁၃၊ ဗကသ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကျရောက်သည့် နောင်တော်ဗကသရဲဘော် ကိုအောင်ဆန်း၏ (၁၀၇) နှစ်ပြည့်မွေးနေ့တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ဗကသခွပ်ဒေါင်းအောင်လံကို လွှင့်ထူ၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုံ့ဆော်စာသားပါ ဘန်နာများချိတ်ဆွဲပြီး ကိုအောင်ဆန်းအား အောက်မေ့သတိရခြင်း အခမ်းအနားတခုကို မုံရွာခရိုင်အရှေ့ပိုင်း မလဲသာဒေသတွင် ပြုလုပ်ကာ ပဲပြုတ်နှင့်နံပြားများအား ​​​ပြည်သူလူထုသို့ ပေးဝေခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU 

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့