အရာတော်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်
ဖေဖော်ဝါရီ ၁၅၊ ဗကသ
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာပြည်သူလူထုများ ပါဝင်သော ကျောင်းသားထု/လူထုသပိတ်စစ်ကြောင်းသည် ❝ပြည်သူ့ဒီမိုကရေစီအတွက် ဆုံးခန်းတိုင်တိုက်ပွဲဝင်ကြ❞ ဘန်နာစာသားအား ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အရာတော်မြိုနယ်၌ လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ပါသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU