"ကယ်တင်ရှင်ဘယ်သောအခါမှမရှိ" ဆိုတဲ့ GSC သပိတ်
ဇန်နဝါရီလ ၁၈၊ ဗကသ
ဗကသများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ GSC ဝင် အဖွဲ့အစည်းများနှင့် မြို့နယ်သပိတ်ကော်မတီများ စုပေါင်း၍ ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေပိုင်းတွင် "ကယ်တင်ရှင်ဘယ်သောအခါမှမရှိ" စာသားပါဘန်နာနှင့် ၂၀၀၈ စစ်ကျွန်ခြေဥအလံကို ပြောင်းပြန်ကိုင်ပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၌ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို စုပေါင်းပြုလုပ်ခဲ့ပါသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU