အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်


ဇန်နဝါရီလ ၂၃၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်သော ကျောင်းသားထု/လူထုသပိတ်စစ်ကြောင်းသည် ❝‌There is no supreme savior | ကယ်တင်ရှင် ဘယ်သောအခါမှ မရှိ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်များက မျက်မှောက်တော်လှန်ရေးရာ အခြေအနေများကို ပြည်သူလူထုထံ တင်ပြဆွေးနွေးခဲ့ပြီး မိမိတို့ပြည်သူများအတွက် မိမိတို့ကိုယ်တိုင် တိုက်ပွဲဝင်ကြရန် နှိုးဆော်တိုက်တွန်းခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ