အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဇန်နဝါရီ ၁၇၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ❝‌တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်❞ ဘန်နာစာသားအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ စစ်အာဏာရှင်မင်းအောင်လှိုင်ကို အကာအကွယ်ပေးနေသော အာဆီယံအသိုင်းအဝိုင်းကိုလည်း ရှုတ်ချကြောင်းပြသခဲ့ပြီး ကျောင်းသားခေါင်းဆောင်များက မျက်မှောက်ခေတ် တော်လှန်ရေးရာအခြေအနေများကို ပြည်သူလူထုထံ တင်ပြဆွေးနွေးခဲ့ကြသည်။


#သတင်းနှင့်ပြန်ကြားရေး‌ဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့