အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဒီဇင်ဘာ ၂၅၊ စစ်ကိုင်း

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၂၅)ရက်၊ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်စမတ်နေ့တွင် ကိုးကွယ်ရာဘာသာကွဲပြားသော်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ တော်လှန်တိုက်ပွဲဝင်သွားမည့်စိတ်ဓာတ်ကို ပြသရင်း ❝ဘာသာ‌ရေးမခွဲခြားဘဲ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ