သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ပြန်ကြားရေးမှူး ပြန်လည်လွတ်မြောက်

သတင်းထုတ်ပြန်ခြင်း
၁၉/၁၀/၂၀၂၁

သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ သတင်းနှင့်ပြန်ကြားရေးမှူးဖြစ်သူသည် အင်းစိန်အကျဉ်းထောင်တွင် ၇ လကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရပြီး ယနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြန်ကြားရေးမှူးနှင့် ဗကသများအဖွဲ့ချုပ် (ရွှေဘိုခရိုင်) မှ ကိုဟန်သူ တို့ ပြန်လည်လွတ်မြောက်လာကြသော်လည်း ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးနှင့် ဗကသများအဖွဲ့ချုပ်မှ အခြားသော မတရားဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်လာခြင်း မရှိသေးပါ။

#ဗကသများအဖွဲ့ချုပ်
#ABFSU

မှတ်ချက်။ ။ သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ သတင်းနှင့်ပြန်ကြားရေးမှူးအမည်အား လုံခြုံရေးအရ မဖော်ပြဘဲ ချန်လှပ်ထားခြင်းဖြစ်ပါသည်။

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်