သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ပြန်ကြားရေးမှူး ပြန်လည်လွတ်မြောက်

သတင်းထုတ်ပြန်ခြင်း
၁၉/၁၀/၂၀၂၁

သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ သတင်းနှင့်ပြန်ကြားရေးမှူးဖြစ်သူသည် အင်းစိန်အကျဉ်းထောင်တွင် ၇ လကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရပြီး ယနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြန်ကြားရေးမှူးနှင့် ဗကသများအဖွဲ့ချုပ် (ရွှေဘိုခရိုင်) မှ ကိုဟန်သူ တို့ ပြန်လည်လွတ်မြောက်လာကြသော်လည်း ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးနှင့် ဗကသများအဖွဲ့ချုပ်မှ အခြားသော မတရားဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်လာခြင်း မရှိသေးပါ။

#ဗကသများအဖွဲ့ချုပ်
#ABFSU

မှတ်ချက်။ ။ သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ သတင်းနှင့်ပြန်ကြားရေးမှူးအမည်အား လုံခြုံရေးအရ မဖော်ပြဘဲ ချန်လှပ်ထားခြင်းဖြစ်ပါသည်။

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ