Posts

ယင်းမာပင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၅၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ "အ​ထွေ​ထွေအကျပ်အတည်း ​ဖြေရှင်း​ရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်း​ရေးဆီသို့"၊ "ရွှေဝါရောင်တော်လှန်ရေးစိတ်ဓာတ် ကိုင်ဆွဲတိုက်ပွဲဝင်ကြ" ဘန်နာများဆွဲကိုင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို စက်တင်ဘာလ (၂၅) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar 

တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၄၊ ဗကသ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ၊ Burma Youth Revolutionary Force (BYRF)၊ ပုဇွန်တောင်/ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (လသယအကသ) တို့ ပူးပေါင်း၍ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၌ "ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ" ဟူသော စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၄၊ ဗကသ ကြာအင်းဆိပ်ကြီးမြို့နယ်၌ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ "အထွေထွေအကြပ်အတည်းများ ဖြေရှင်းရေးမှသည် အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whatshappeninginmyanmar

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၄၊ ဗကသ ဒေသခံကာကွယ်ရေးခေါင်းဆောင် "ဗိုလ်သက်တံ့" ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခြင်း (၁၁)လပြည့် အထိမ်းအမှတ်အား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ "သွေးဟာ မြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး" စာသားပါဘန်နာအား ချိတ်ဆွဲ၍ အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို စက်တင်ဘာလ ၂၂ ရက်နေ့၌ ပြုလုပ်ခဲ့သည်။   သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar

မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၀၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "ဗုံးမိုးတွေရွာပြရုံနဲ့ သွေးမုန်တိုင်းကို တားနိုင်ရိုးလား"၊ "စစ်အုပ်စုနဲ့ ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်သကြ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ "အားတင်းထားပါရန်ကုန်ရေ မင်းတို့နောက်မှာငါတို့ရှိတယ်"၊ "ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ"၊ "ဖက်ဆစ်တရားခွင် အလိုမရှိ" စသည့်ကြွေးကြော်သံများဖြင့် မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ -AAMIJ  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၁၉၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ မဝင်းမော်ဦး ကျဆုံးခြင်း ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် "ငါတို့ဟာ အသေခံတွေ"၊ "ဒီမိုကရေစီရမှ အမျှဝေပါ"၊ "အထွေထွေအကျပ်အတည်းမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "ဗုံးမိုးတွေရွာပြရုံနဲ့ သွေးမုန်တိုင်းကို တားနိုင်ရိုးလား"၊ "ပေးဆပ်သူတွေရဲ့သွေးခင်းလမ်းမှာ အဆုံးသတ်တိုက်ပွဲဝင်ကြ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ "အားတင်းထားပါရန်ကုန်ရေ မင်းတို့နောက်မှာငါတို့ရှိတယ်"၊ "ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ"၊ "ဖက်ဆစ်တရားခွင် အလိုမရှိ" စသည့်ကြွေးကြော်သံများဖြင့် မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ -AAMIJ  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ဒီပဲယင်းမြိုနယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား ဖက်ဆစ်တပ်က အကြမ်းဖက်ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

Image
​ ကြေညာချက်အမှတ် - ၅/ဗကသ/၂၀၂၂ ရက်စွဲ - ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြိုနယ် လက်ယက်ကုန်းကျေးရွာရှိ ပြည်သူလူထု၏ စာသင်ကျောင်းအား ပစ်မှတ်ထားကာ ဖက်ဆစ်တပ်မှ လေကြောင်း ကျည်းကြောင်းဖြင့် အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ယူနေသည့် ကျောင်းသား (၁၁) ဦးခန့် သေဆုံးခဲ့ပြီး ကျောင်းသားအများအပြား ဒဏ်ရာရရှိကာ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ (၂၀) ဦးခန့်ကို အကြမ်းဖက်ဖမ်းဆီးသွားခဲ့သည်။ ဖက်ဆစ်တပ်၏ ယင်းလုပ်ရပ်သည် ကျောင်းသားအခွင့်အရေးနှင့် လူထုအခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပါအဝင် ပြည်သူလူထုနှင့်ကျောင်းသားထုအ‌ပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့်လုပ်ရပ်များအား ဗကသများအဖွဲချုပ်မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။  စစ်အာဏာရှင်စနစ် ရှိနေသမျှကာလတလျှောက်လုံးတွင် ကျောင်းသားထုနှင့် ပြည်သူလူထု၏ အခွင့်အရေးအရပ်ရပ်သည်လည်း ဆက်လက်ဆိတ်သုဉ်းနေမည်အုံးဖြစ်သည်။ ထိုကြောင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း ...

လွတ်မြောက်ဒေသတခုတွင် ဗကသများအဖွဲ့ချုပ်မှ ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် အိုးဝေစာစောင်များ ဖြန့်ဝေ

Image
၂၀၂၂ စက်တင်ဘာ ၁၉၊ ဗကသ ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ (၂)၊ အမှတ် (၁၀) အား အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင်  လွတ်မြောက်ဒေသတခုရှိ ကျောင်းတကျောင်း၌ ဖြန့်ဝေခဲ့သည်။ အိုးဝေစာစောင်(အတွဲ ၂၊ အမှတ် ၁၀)ကို ဒေါင်းလုတ်ရယူရန် ➥ ဒေါင်းလုတ်ရယူရန် နှိပ်ပါ တယ်လီဂရမ် ➥ Telegram Channel ◾️ အိုးဝေစာစောင်တွေကို Oway App မှ တိုက်ရိုက်ဖတ်ရှုရန် သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #BESU #saffron #revolution