ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ ဇွန် ၂၆ ၊ ဗကသ

မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇွန်လ ၂၆ ရက်နေ့၌ ရန်ကုန်မြို့တွင် “ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ်” အဖြစ် “တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” စတစ်ကာများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ လူထုလှုံ့ဆော်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေဝင်းဦးဆောင်သော စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဆလိုင်းတင်မောင်ဦး #SalaiTinMgOo #ဆလိုင်းတင်မောင်ဦးနေ့ #ဗကသ #abfsu #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ