ယင်းမာပင် ဗကသနှင့် မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်


၂၀၂၂ ဇွန် ၉၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ ပူးပေါင်း၍ ယင်းမာပင်မြို့နယ်၌ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ပြည်သူ့စာဆို ဆရာကြီးဗန်းမော်တင်အောင် ၏ ၁၀၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်း​ကျော်လွှား​နေတဲ့ ခေတ်ကြီးက သူ့ပုခုံး​ပေါ်တင်​ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်​လောက် သယ်ပိုးထမ်း​ဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။





သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ