ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့၌ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့၌ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ ရက်

ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာကိုကိုင်စွဲပြီး မြိုင်မြို့နယ် တနေရာမှာ ချီတက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ သပိတ်တရားဟောကြားခြင်း၊ ကဗျာရွတ်ခြင်း၊  ကြွေးကြော်သံတိုင်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီး ပြည်သူ့အခြပြုကျောင်းသား‌ကျောင်းသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေ၊ ဆရာဆရာမတွေနဲ့ ဒေသခံ ပြည်သူတွေလည်း ပါဝင်ပူးပါင်းခဲ့ကြပါတယ်။ သပိတ်စစ်ကြောင်းကိုတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံရေးယူပေးခဲ့ကြပါတယ်။

#ABFSU #မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ