ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး ဓာတ်ပုံလှုပ်ရှားမှုတရပ်ပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်  “၇.၇.၆၂ မမေ့ကြနဲ့"၊ "ဆင်းရဲကျပ်တည်းမှုရဲ့ အဖြေအမှန် စစ်အုပ်စုသာလျှင် တရားခံ"၊ "ကျည်နဲ့ပေးရင် သွေးနဲ့ရေးတဲ့သမိုင်း ဆဲဗင်းဂျူလိုင်မှသည် ထာဝစဉ်အဓွန့်ရှည်ပါစေ" စာသားများ နှင့် ဆဲဗင်းဂျူလိုင်ကာလမှဓာတ်ပုံများကိုင်စွဲပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်တက္ကသိုလ်အတွင်း အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။


#7July #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #photocampaign #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ