ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ဇူလိုင် ၂၈၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။


အကြမ်းဖက် ဖက်ဆစ်တပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ‌ကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ဘုတလင် #လှုပ်ရှားမှု #whatshappeningnowinmyanmar 

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ