ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့အနှံ့အပြားတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်
၂၀၂၄ ဖေဖော်ဝါရီ ၆၊ ဗကသ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - (NDOPSC) တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုများကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ရန်ကုန်မြို့အနှံ့အပြားတွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။