၉၂ နှစ်ပြည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်သို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၁၆/ဗကသ/၂၀၂၂

ရက်စွဲ - ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်


                ၁၉၃၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သော အဖိနှိပ်ခံလူမျိုးပေါင်းစုံတောင်သူလယ်သမားထုကြီးမှ ရရာလက်နက်ကိုင်စွဲ၍ နယ်ချဲ့အစိုးရကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့သည့်တောင်သူလယ်သမား အရေးတော်ပုံကြီးသည် ယနေ့ဆိုလျှင် ၉၂ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့အား ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးတိုက်ပွဲများတွင် အသက်၊သွေး၊ ချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီး၏တောင်သူလယ်သမားနေ့” အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်မှအလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


                 ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ အုပ်စိုးသူအစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုကို ကြုံတွေ့ခံစားခဲ့ရသောတောင်သူလယ်သမားထုကြီးသည် ယနေ့ကာလတွင်လည်း ကျေးရွာများ၊ စိုက်ပျိုးသီးနှံများ၊ လယ်ယာသုံးပစ္စည်းများပါမကျန် အာဏာသိမ်းဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက် လုယက်သိမ်းဆည်းခြင်း၊အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း အစရှိသည့် အထွေထွေအကျပ်အတည်းများကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။ 


                 အဖိနှိပ်ခံတောင်သူလယ်သမားထုကြီး၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်မှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်အမြစ်ပြတ်တိုက်ဖျက်ရေးဖြစ်သည်ဟု ကျွန်ုပ်တို့က လက်ခံယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် အဖိနှိပ်ခံတောင်သူလယ်သမားထုကြီးနှင့် လက်တွဲကာ ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့်ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၉၂ နှစ်ပြည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။


အဖိနှိပ်ခံတို့ ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


#abfsu #ဗကသ #ဗကသများအဖွဲ့ချုပ် #တောင်သူလယ်သမားနေ့ #whathappeninginmyanmar 

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ