ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၂ နိုဝင်ဘာ ၁၇၊ ဗကသ


အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ"၊ "ငါတို့အားလုံး စုစည်းနေရင် ဘာမှမဖြစ်" စာသားပါဘန်နာများအား ကိုင်စွဲကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။








​ကျောင်းသား/ပြည်သူ ပူးပေါင်းပါဝင်သော အဆိုပါလှုပ်ရှားမှုကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဇေယျာတိုင်းရဲ့ ၅/ နဲ့ အောင်စည်တော် လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။










သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #အမျိုးသားအောင်ပွဲနေ့ #whathappeninginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ