အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ စုပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ နိုဝင်ဘာ ၁၆၊ ဗကသ


အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ စုပေါင်း၍ "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ" စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။








အဆိုပါလှုပ်ရှားမှုကို မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ - YRSC၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (လသယအကသ)၊ Burma Youth Revolutinory Force (BYRF) နှင့် ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #အမျိုးသားအောင်ပွဲနေ့ #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ