ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ အောက်တိုဘာ ၂၃၊ ဗကသ


အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် ) မှ ဦးဆောင်၍ ဒေသခံကာကွယ်ရေးခေါင်းဆောင် "ဗိုလ်သက်တံ့" ကျဆုံးခြင်း (၁) နှစ်ပြည့် အောက့်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို အောက်တိုဘာလ ၂၂ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။










ကျောင်းသား/ပြည်သူများ ပါဝင်သော အဆိုပါလှုပ်ရှားမှုအား ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ "သွေးဟာ မြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး" စာသားပါဘန်နာကို ကိုင်စွဲကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။








(အရာတော်မြို့နယ်အား ဖက်ဆစ်တပ်မှ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပါသဖြင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်သည်။)


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #whathappeninginmyanmar

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ