၁၉၆၂ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် ဗကသကျောင်းသားခေါင်းဆောင် ဦးအရှိတ် (ခ) ကဗျာဆရာ ယုမောင်နိုင် ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

 

သဝဏ်လွှာအမှတ် - ၁၃/ဗကသ/၂၀၂၂ 

ရက်စွဲ - ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက် 

 

                          ၁၉၆၂ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ဗကသများအဖွဲချုပ် ရဲဘော် ဦးအရှိတ် (ခ) ကဗျာဆရာ ယုမောင်နိုင် သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ 

 

                          ရဲဘော် ဦးအရှိတ် သည် ၁၉၆၂ ဆဲဗင်းဂျူလိုင် အရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တဦးဖြစ်ပြီး  ဗကသများအဖွဲချုပ်၏ တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ဗကသများအဖွဲချုပ်၏ အလံတော်ကို ဘဝတလျှောက် သယ်ဆောင်ချီတက်ခဲ့သူ၊ ဘဝ၏နောက်ဆုံးသောအချိန်အထိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်ပါသည်။ 

 

                          ကျွန်ုပ်တို ဗကသများအဖွဲချုပ်အနေဖြင့် ရဲဘော်ဦးအရှိတ် (ခ) ကဗျာဆရာ ယုမောင်နိုင် ၏ စွန့်လွှတ်ပေးဆပ်မှုများနှင့် တိုက်ပွဲဝင်စိတ်ဓါတ်များကို အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်ပြီး မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကို အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty