ရန်ကုန်တွင် ဗကသများအဖွဲဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဩဂုတ် ၆၊ ဗကသ


ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ယနေ့ သြဂုတ်လ ၆ ရက်နေ့၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ ကြည့်မြင်တိုင်လူငယ်များ သပိတ်ကော်မတီ (KYSC) နှင့် တာမွေမြို့နယ်သပိတ်ကော်မတီ တို့ပူးပေါင်း၍ "မပြီးဆုံးသေးတဲ့ ၈လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"၊ "ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူ့အကျိုးဆောင်ကြ"၊ "တော်လှန်ရေးဟာ ပြည်သူအတွက်၊ ပြည်သူဟာ တော်လှန်ရေးအတွက်မဟုတ်" စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။






#မပြီးဆုံးသေးတဲ့၈လေးလုံး_လူထုလွတ်မြောက်ရေးဒို့အတူရုန်း


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ