စစ်တွေဆန်ပြဿနာနေ့ (၅၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ သြဂုတ် ၁၃၊ ဗကသ


ပြင်ဦးလွင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်တွေဆန်ပြဿနာနေ့ (၅၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် "စစ်တွေဆန်ပြဿနာနေ့၊ ၁၃သြဂတ် မမေ့ကြနဲ့" စာသားပါဘန်နာအား ပြင်ဦးလွင်မြို့တွင် ယနေ့ သြဂုတ်လ ၁၃ ရက်နေ့၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ ရက္ခိုင်ပြည်တွင် ဆန်ရှားပါးမှုကြောင့် ပြည်သူတို့အငတ်ဘေးကြုံရာမှ စတင်ဖြစ်ပွားခဲ့သော စစ်တွေဆန်ပြဿနာနေ့သည် ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် (၅၅) နှစ်တိုင်ရှိပြီဖြစ်သည်။ ၁၉၆၇ ခု ဩဂုတ်လ ၁၃ ရက်တွင် ဖြစ်ပွားခဲ့သော စစ်တွေဆန်ပြဿနာနေ့တွင် ဖက်ဆစ်စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့၍ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသည်။


သတင်းနှင့်ပြန်ကြား​ရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #စစ်တွေဆန်ပြဿနာနေ့ #sittwericeaffair #WhatsHappeningInMyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ