စစ်ကိုင်းဒေသတွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇူလိုင် ၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ပူးပေါင်း၍ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် စစ်ကိုင်းဒေသ၌ ဇူလိုင်လ ၇ ရက်နေ့တွင် “ဆဲဗင်းဇူလိုင်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ” စာသားပါဘန်နာအား ကိုင်စွဲကာ ကြွေးကြော်သံများကြွေးကြော်ခြင်း၊ အကြမ်းဖက်စစ်တပ်၏ အကျီကို မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu
#whathappeninginmyanmar 

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ