ဗကသများအဖွဲ့ချုပ် နှင့် မဟာမိတ်အဖွဲ့များက အလုပ်သမားနေ့တွင် ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်


၂၀၂၂ မေ ၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများမှ “အလုပ်သမားသပိတ်ကို ဝန်းရံကြ၊ ထောက်ခံကြ ဖိနှိပ်သူအလုပ်ရှင်များအား ရဲရဲဝံ့ဝံ့ဆန့်ကျင်ကြ” စာသားပါဘန်နာအား ကိုင်ဆွဲကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။










အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် ကျောင်းသားသမဂ္ဂများနှင့် အလုံမြို့နယ်သပိတ်ကော်မတီ၊ ကြည့်မြင်တိုင်မြို့နယ် သပိတ်ကော်မတီ၊ Yangon’s Rebels Strike Committee (YRSC) တို့ ပါဝင်ခဲ့ကြသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

ဓာတ်ပုံ-လူငယ့်ခေတ်

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်