မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဧပြီ ၁၂၊ ဗကသ

စစ်ကိုင်းတိုင်း မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသ၌ ဧပြီလ ၁၂ ရက်‌နေ့တွင် အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် “ဖက်ဆစ်သွေးနဲ့ခြေဆေးကြ ပြည်သူ့အားနဲ့ တော်လှန်ကြ” စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law