အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဧပြီလ ၁၆၊ ဗကသ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်‌နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်စနစ်အောက်တွင် ရိုးရာသင်္ကြန်ပွဲတော်ကိုပင် မဆင်နွှဲလိုသည့်အနေဖြင့် ❝‌မြူ‌မှောင်ဝေကင်း အနာဂါတ်လင်းမှ အတာတန်ခူး ဒို့ပြန်ကြူးမယ်❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law