၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဖက်ဆစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ကျဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံ ဗကသရဲဘော်များအား သတင်းထုတ်ပြန်ခြင်း

သတင်းအဆင့် - ဖြန့်ဝေ
ရက်စွဲ - ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်

                  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) လှုပ်ရှားနယ်မြေ မန္တလေးမြို့၌ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်အပြီးတွင် အသက် ၁၅ နှစ်ခန့်ရှိ ဗကသရဲဘော် ၅ ဦး ဖက်ဆစ်တပ်၏ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည်။

                  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၉ နာရီခွဲခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) လှုပ်ရှားနယ်မြေ အရှေ့ဒဂုံမြို့နယ်တွင် အသက် ၁၆ နှစ်သာရှိသေးသည့် ဗကသရဲဘော်တဦး နေအိမ်တွင် ဖက်ဆစ်တပ်၏ အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

                  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) လှုပ်ရှားနယ်မြေ ကမာရွတ်မြို့နယ်၌ ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုပြု‌လုပ်နေစဉ်တွင် အသက် ၁၆ နှစ်သာရှိသေးသည့် ဗကသရဲဘော်တဦး ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

                  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) လှုပ်ရှားနယ်မြေ သင်္ဃန်းကျွန်းမြို့နယ်၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုံ့ဆော်စာသားပါ စာရွက်များအား ပြည်သူလူထုထံသို့ ဝေငှသည့်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုပြု‌လုပ်အပြီးတွင် အသက် ၁၅ နှစ်သာရှိသေးသည့် ဗကသရဲဘော်နှစ်ဦးသည် ဖက်ဆစ်တပ်မှ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

                  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅  ညနေ ၅ နာရီခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ရန်ကုန်ခရိုင်နယ်မြေတွင်းရှိ မြို့နယ်သမဂ္ဂအသီးသီးမှ ဗကသကျောင်းသားရဲဘော်များ (ယာယီ) တည်းခိုနေထိုင်သည့် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ နေအိမ်များအား ဖက်ဆစ်တပ်မှ အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပါသည်။ ဖက်ဆစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုတွင် ဗကသရဲဘော် ၈ ဦး ဖမ်းဆီးခံခဲ့ရပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း) ဖြစ်သူ ကိုညီမင်းသူသည် ရင်ညွန့်အား ကျည်ဆန်ထိမှန်ကာ နေရာတွင်ပင်ကျဆုံးခဲ့ပါသည်။ အခြားရဲဘော်များမှာလည်း စစ်ဖိနပ်ဖြင့် ကန်ကျောက်နှိပ်စက်ခံရသောကြောင့် ဒဏ်ရာများရရှိခဲ့သည်။

                  ယင်းဖြစ်စဉ်တွင် အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံရသော ဗကသရဲဘော်အားလုံးသည် အသက် ၁၈ နှစ်ပင် မပြည့်သေးသော အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းများမှ ကျောင်းသား/သူများဖြစ်သည်။ အကြမ်းဖက်ဖမ်းဆီးခံရစဉ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဖက်ဆစ်တပ်၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြနေသော်လည်း လက်နက်မဲ့ကျောင်းသားများအား ဖက်ဆစ်တပ်ကသာ တဖက်သတ်အကြမ်းဖက်ကာ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

                  ဖက်ဆစ်တပ်သည် တိုင်းပြည်အနှံ့ရှိ ကျောင်းသား/ပြည်သူများအား နေ့စဉ်နှင့်အမျှ အကြမ်းဖက်သတ်ဖြတ်နေသည်။ ပြည်သူလူထု၏ သွေးများစွန်းပေနေ‌သည့် ဖက်စစ်တပ်သည် တနေ့တွင် ပြည်သူလူထု၏ တရားစီရင်ခြင်းကို မလွဲဧကန်ခံရမည်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ပြည်သူ့ဒီမိုကရေစီအရေးအတွက် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား ထိရောက်မှန်ကန်သည့် ရရာနည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြပါရန် ဗကသများအဖွဲ့ချုပ်မှ လေးနက်စွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်သည်။

❝စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ❞
❝ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ❞

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ