ဗကသရဲဘော် ညီမင်းသူ ကျဆုံးခြင်း တလပြည့်အထိမ်းအမှတ်အဖြစ် ဗကသရဲဘော်များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ပြုလုပ်


မတ်လ ၂၅၊ ဗကသ

စစ်ကိုင်းတိုင်းတွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂအသီးသီးမှ ရဲဘော်များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ရက်ပေါင်း ၃၈၀ မြောက် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ကာ အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်းဖြစ်သူ ရဲဘော် ညီမင်းသူ ကျဆုံးခြင်း တလပြည့်အထိမ်းအမှတ်အဖြစ် “ရဲဘော်ညီမင်းသူစိတ်ဓာတ် ကိုင်စွဲ၊ ရဲရဲဝံ့ဝံ့ ဦးဆောင်တိုက်ပွဲဝင်ကြ”၊ “ဗမာပြည်သစ်အတွက် တိုက်ပွဲဝင်ကြ” စာသားပါဘန်နာများအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို မတ်လ ၂၅ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။



သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ