ရွှေပြည်သာမြို့နယ်တွင်းရှိ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


မတ်လ ၂၁၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့မှ အထက်တန်းကျောင်းတခုအတွင်း၌ မတ်လ ၂၁ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သော စာသားများရေးသားခြင်း၊ ဘန်နာချိတ်ဆွဲခြင်းများကို ပြုလုပ်၍ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြရန်၊ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်