ထောင်တွင်းရဲ​ဘော်များသို့ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်​ ကျောင်းသားသမဂ္ဂများမှ ထောင်ဝင်စာ​ပေးပို့


မတ်လ ၂၀၊ ဗကသ

ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းခံရပြီး မတရားအကျဥ်းချခံထားရသော ရဲ​ဘော်များထဲမှ ကိစ္စအဝအဝ​ကြောင့်​ ထောင်ဝင်စာအခက်အခဲ​ဖြစ်​ပေါ်​နေ​သော ရဲ​ဘော်များသို့ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ Hero Behind The Bars နှင့် ပူး​​ပေါင်း၍ မတ်လ ၂၀ ရက်နေ့တွင် ထောင်ဝင်စာ​ပေးပို့ခဲ့ပါသည်။ 

တောင်ဥက္ကလာပမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သုံးခွမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကမာရွတ်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊​​ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကွမ်းခြံကုန်းမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
နှင့် Spring's Youth Council (SYC) တို့ပူး​ပေါင်း၍ ပြည်သူလူထုထံမှ ရက်သတ္တပတ်တာ အလှုခံမှုပြုလုပ်ကာ ပြန်လည်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ