ထောင်တွင်းရဲဘော်များ၏ Hunger Strike အပေါ် ဝန်းရံကြရန် ဗကသများအဖွဲ့ချုပ်မှ လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဖေဖော်ဝါရီ ၁၃၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ North Dagon Oppressed People Strike Colition (NDOPSC)၊​ နွေဦးတပ်ပေါင်းစု အထွေထွေသပိတ်ကော်မတီ တို့မှ "ထောင်တွင်းတိုက်ပွဲကို ဝန်းရံကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရားဖမ်းဆီးခံထားရသော ထောင်တွင်းရဲဘော်များ၏ အစာငတ်ခံတိုက်ပွဲဝင်၍ နိုင်ငံရေးသိဒ္ဓိတင်မှုအား ပြည်သူလူထုတရပ်လုံးအနေဖြင့် ဝန်းရံပေးကြပါရန်လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ