ထောင်တွင်းရဲဘော်များ၏ Hunger Strike အပေါ် ဝန်းရံကြရန် ဗကသများအဖွဲ့ချုပ်မှ လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဖေဖော်ဝါရီ ၁၃၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ North Dagon Oppressed People Strike Colition (NDOPSC)၊​ နွေဦးတပ်ပေါင်းစု အထွေထွေသပိတ်ကော်မတီ တို့မှ "ထောင်တွင်းတိုက်ပွဲကို ဝန်းရံကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရားဖမ်းဆီးခံထားရသော ထောင်တွင်းရဲဘော်များ၏ အစာငတ်ခံတိုက်ပွဲဝင်၍ နိုင်ငံရေးသိဒ္ဓိတင်မှုအား ပြည်သူလူထုတရပ်လုံးအနေဖြင့် ဝန်းရံပေးကြပါရန်လှုံ့ဆော်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ