ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဇန်နဝါရီ ၂၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ လူထုအခြေပြုအထွေထွေသပိတ်ကော်မတီ၊ အဖိနှိပ်ခံလူထုကိုယ်စားပြု မြောက်ဒဂုံသပိတ်ကော်မတီ (NDOPSC) ၊ ရွှေပြည်သာမြို့နယ်လူထုသပိတ်ကော်မတီ တို့ ပူးပေါင်း၍ "စစ်ကျွန်ပညာရေး ဖျက်သိမ်းပစ် (ABOLISH MILITARY SLAVERY EDUCATION)'' စာသားပါဘန်နာဖြင့် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့၌ မြောက်ဥက္ကလာပမြို့တနေရာတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။



#သတင်းနှင့်ပြန်ကြားရေး‌ဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ