ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဒီဇင်ဘာလ ၂၂၊ ရန်ကုန်

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်တနေရာတွင် ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ လသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကောင်းထက်ကျော်ကိုယ်ပိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကျောက်တံတားကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား ကိုင်စွဲ၍ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ