ရွှေပြည်သာ ဗကသများမှ CDM ဆရာ ဆရာမများအား ထောက်ပံ့ငွေပေးအပ်


ယနေ့ (၆၊၁၀၊၂၀၂၁) တွင် အထက (၁) ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (၃) ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် ဒူးမထောက် လက်မမြှောက်ဘဲ ပြည်သူ့ဘက်မှ တသားတည်းရပ်တည်ကာ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ၊ ဆရာမများကို လေးစားဂုဏ်ပြုသောအားဖြင့် ငွေကြေးထောက်ပံ့မှုအချို့ ပြုလုပ်ခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU