အရာတော်ဗကသမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုသပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ (၉) ရက်နေ့တွင် ❝ဖက်ဆစ်စစ်ကောင်စီကို ပြည်သူ့တရားခွင်မှာစီရင်ဖို့သာ ငါတို့အလိုရှိသည်❞ စာသားပါ ဘန်နာစာတန်းများ ကိုင်ဆောင်ပြီး အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
#ဗကသများအဖွဲ့ချုပ်
#ABFSU